တန့်ဆည်  ၁၅  စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်တွင် စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ကျင်စက်ဖြင့် ငါးရှော့တိုက်ဖမ်းရာ ဓာတ်လိုက်၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က တန့်ဆည်မြို့နယ် ငနုချောင်းကျေးရွာ အုပ်စု  ကန်ပေါက်ကျေးရွာ အနောက်ဘက် မူးလက်တံမြောင်းအတွင်းရှိ ကိုင်းတောထဲတွင် အောင်ကျော်ထက်စိုး   ၂၇ နှစ် ငနုချောင်းကျေးရွာအုပ်စု တန့်ဆည်မြို့နယ်နေသူမှာ ရှော့တိုက်စက်နှင့် တွဲလျက် တပ်ဆင်ထားသော ဘက်ထရီအိုးအား ကျောတွင်လွယ်လျက်၊ သံကွင်းတွင် ပိုက်ဇကာပါရှိသော ဝါယာကြိုးတပ်လက်ကိုင်တံအား ယာဘက်လက်အနီးလွတ်ကျလျက်လည်းကောင်း၊ ရှော့တိုက် အဖွင့်အပိတ် ခလုပ်ပါသော လက်ကိုင်တံအား ဘယ်ဘက်လက်တွင် ကိုင်လျက်လည်းကောင်း၊ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိဘဲ ကျင်စက်ဖြင့်ငါးရှော့တိုက်ဖမ်းစဉ် ဓာတ်လိုက်သည့် လက္ခဏာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)