တန့်ဆည်  ၂၀   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရန်၊ ကျန်းမာရေးနှင့်အညီ ဈေးရောင်းချနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်မျိုး၊ မြို့နယ်အမှုဆောင်အရာရှိ ဒေါ်သက်သက်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက တန့်ဆည်မြို့ ရွှေကတော့မြတ်စွာဘုရားဝန်းတွင် ယနေ့ နံနက်ပိုင်းက နေရာများ သတ်မှတ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါနေရာသတ်မှတ်ခြင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ရွှေ၊မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု့ခဲ့ပြီး ဈေးရောင်းသူများအား တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ ရောင်းချရန် နေရာများသတ်မှတ်ပေးခြင်း၊ လက်ဆေးဘေစင်များတပ်ပေးခြင်း၊ အမှိုက်စွန့်ပစ်နေရာ သတ်မှတ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဈေးဝယ်ဈေးရောင်းများက နှာခေါင်းစည်း(Mask)တပ်ရန် ကြပ်မက်သွားမည်ဖြစ်ကြောင်းနှင့် ဈေးသည်များအား နံနက်(၆)နာရီမှ ညနေ(၆)နာရီထိ ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းမင်းထွန်း(တန့်ဆည်)