ဝါရှင်တန် ဩဂုတ် ၂၄

 

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်ရှိ မြို့များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးကာ ပျောက်ဆုံးနေသူ ၂၀ ရှိသည်ဟု သိရသည်။

 

တင်နက်ဆီပြည်နယ် ဟမ်းဖရေးကောင်တီတွင် စံချိန်တင် မိုးရွာသွန်းမှုကြောင့် နေအိမ်များနှင့် လမ်းများ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ရသည်။ အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လမ်းပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း တင်နက်ဆီပြည်နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါဒေသအတွက် လိုအပ်သည့်အကူအညီများပေးအပ်သွား မည်ဟုလည်းပြောသည်။

 

အင်န်အိတ်ချ်ကေ