တိုကျို၊ အောက်တိုဘာ ၁

 

နိုင်ငံတကာ သုတေသနအဖွဲ့ တစ်ဖွဲ့က အနှစ် ၂၀ ကျော် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံ များကို ခွဲခြမ်းစိတ်ဖြာပြီး black hole တွင်းနက်ကြီး လည်ပတ်နေသည်ဟု ဖော်ပြသည့် ပထမဆုံး အထောက်အထားကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နှင့် အခြားနိုင်ငံများမှ သုတေသီအဖွဲ့သည် ၎င်းတို့၏ တွေ့ရှိချက်များကို သိပ္ပံဂျာနယ် Nature တွင် စက်တင်ဘာ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

 

သုတေသီများသည် ကမ္ဘာမြေ နှင့် အလင်းနှစ် ၅၅ သန်းအကွာ တွင်ရှိသော ဂလက်ဆီ M87 ၏ ဗဟိုရှိ တွင်းနက်များကို လေ့လာ ရန် ကမ္ဘာတစ်ဝန်းရှိ ရေဒီယို တယ်လီစကုပ်ကွန်ရက်ကို အသုံးပြုခဲ့သည်။

 

၎င်းတို့ရရှိသော ဓာတ်ပုံများ တွင် တွင်းနက်မှ ဒြပ်ဝတ္ထုတစ်ခု လွင့်စင်ထွက်သွားသည်ကို ပြသထားသည်။

 

အဆိုပါ လွင့်စင်သွားသည့် ဒြပ်ဝတ္ထု၏ ဦးတည်ချက်သည် အကြမ်းဖျင်းအားဖြင့် ၁၁ နှစ်တာ ကာလမှသာ ပြောင်းလဲမှုရှိကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။

 

ယင်း တွေ့ရှိချက်သည် ဂျပန်နိုင်ငံ အမျိုးသားနက္ခတ္တဗေဒ လေ့လာရေးဌာနမှပြုလုပ်သော စူပါကွန်ပျူတာ၏ ရလဒ်များနှင့် ကိုက်ညီပြီး တွင်းနက်တစ်ခုပေါက်သွားသည့် သီအိုရီစံနမူနာကို အခြေခံထားကြောင်းသိရသည်။

 

အဆိုပါ တွေ့ရှိချက်သည် တွင်းနက်ကြီး လည်ပတ်နေသည်ဆိုသည့် ပထမဆုံး သက်သေဖြစ်ကြောင်း ဂျပန်နိုင်ငံအမျိုးသား နက္ခတ္တဗေဒ လေ့လာရေးဌာနက ပြောကြားသည်။

 

၎င်းတို့၏တွေ့ရှိမှုသည် စကြာ ဝဠာကြီး၌ တည်ရှိသည့် ကြီးမားသောအရာဝတ္ထုများ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ထိုးထွင်း သိမြင်မှုအသစ်များ ပေးစွမ်းနိုင် လိမ့်မည်ဟု လေ့လာသူများက ဆိုသည်။

 

ထို့ပြင် နဂါးငွေ့တန်းများ မည်သို့ဖြစ်ပေါ်လာသလဲဆိုသည့် ရှာဖွေမှုများအတွက်လည်း အထောက်အကူဖြစ်စေမည်ဖြစ် ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်