တနိုင်းမြို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ  ထိန်းချုပ်နိုင်ရေး စောင့်ကြည့်လူနာ ၁၀ဝ ထားရှိရန် အထက(၁)ကျောင်း နေရာအားကြိုတင်ပြင်ဆင်

တနိုင်း  ၂   ဧပြီ 

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်နိုင်ရေး စောင့်ကြည့်လူနာ ၁၀ဝ ထားရှိရန် အထက(၁)ကျောင်းနေရာအားကြိုတင်ပြင်ဆင်ပြီး ပိုးသတ်ဆေးများ ပက်ဖြန်းနေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဖြိုးဝေဆန်း၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြင့်ဆောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းနှင့် အထက (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကော့ဖန်တို့က ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)