တနိုင်း ၂၈ မတ်
ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်စွမ်းရည် မြင့်မားလာစေရန် တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ စာဖတ်သူ၊ စာငှားသူ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ကျောင်းသား ကျောင်းသူများမှ တစ်ဦးခြင်းဖတ်ရှုထားသည့် စာအုပ်များအကြောင်း ဆွေးနွေးခဲ့ကြကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


