တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား

တနိုင်း  ဧပြီ ၂၂

 

         

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပန်းချီပညာကို စိတ်ပါဝင်စားသော ကလေးငယ်များ အခြေခံမှ စတင်ပြီး ပျော်ရွှင်စွာ လေ့လာနိုင်ရေးတို့ကိုရည်ရွယ်၍  မူလတန်းကလေးများအတွက်  အခြေခံပန်းချီ သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီလ(၄)ရက်နေ့နံနက် (၁၀)နာရီမှ စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။

                   

အဆိုပါသင်တန်းတွင် တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဦးက နွေရာသီကျောင်းပိတ်ရက်ရှည်များတွင် ကလေးများအတွက် အကျိုးရှိမည့် အသိပညာ၊ အတတ်ပညာများ သင်ကြားတတ်မြောက်သွားစေရန်အတွက် ယခုလိုဖွင့်လှစ်ပေးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ သင်တန်းနည်းပြ  ဦးကောင်းထက်လွင်က ပန်းချီပညာအခြေခံဖြစ်သည့် အ‌ရောင်အရင့်အဖျော့ ဆွဲနည်းကို စတင် သင်ကြားပေးခဲ့သည်။

 

အဆိုပါ အခြေခံပန်းချီသင်တန်းတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ သင်တန်းသား(၄၀) ဖြင့် ဧပြီလ(၄)ရက်နေ့မှ မေလ(၂၀)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

ဝါဝါ(ပြန်/ဆက်)