တနိုင်း ဇူလိုင် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပိုမိုသိရှိစေရန် Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ ဇူလိုင် ၆ ရက် နံနက် ၈ နာရီက တနိုင်း မြို့မရဲစခန်းရှေ့၊ မိုင်းခွန်သွားလမ်းထောင့်နှင့် စည်ပင်သာယာဈေးတို့တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဌာနအသီးအသီးမှ တာဝန်ရှိသူများ စုပေါင်း၍ နှာခေါင်းစည်း ခုရေ ၇၀၀ ကို အခမဲ့ ဖြန့်ဝေပေးပြီး မလိုအပ်ဘဲ နေအိမ်အပြင်သို့ ထွက်ခွာခြင်း မပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

ဝါဝါ(ပြန်/ဆက်)