တနိုင်း ဇွန် ၁၆
ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် မိုးရာသီ ဖြစ်ပွားလေ့ရှိသော သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်က ကင်ဆားရာရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လူမှုရေးအဖွဲ့အစည်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ခြင်များမပေါက်ပွားစေရေး ပိုးလောက်လန်းနှိမ်နှင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN