တနိုင်းမြို့နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၃

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၂ ရက် နံနက် ၁၁ နာရီတွင် တနိုင်းမြို့နယ်၊ လမုန်ကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ မင်းထွန်း(ခ)ချင်းတွင်းသား ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၄,၈၇၅ ပြား ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မိုင်းဆတ်မြို့၊ ဝိန်းဝိုင်ရပ်ကွက်တွင် ကိုကိုထွေး(ခ)နို့စို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ကိုလည်းကောင်း၊ စစ်ဆေးချက်အရ ညနေ ၅ နာရီခွဲတွင် မိုင်းဆတ်မြို့၊ ဝိန်းနေရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ ၎င်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား