တနိုင်း ၃၀  အောက်တိုဘာ

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကလေးများအတွက် မြန်မာ စာပေနှင့် တိုင်းရင်းသားဘာသာစကားများကို လေ့လာနိုင်စေရန်နှင့် တိုင်းရင်းသားလူမျိုးတို့၏ ချစ်စရာရိုးရာနှင့် ယဉ်ကျေးမှု ဓလေ့စရိုက်များကို လေ့လာနိုင်စေရန် ရည်ရွယ်၍ UNICEF (မြန်မာ)မှ တိုင်းရင်းသားဘာသာ ပုံပြင်စာအုပ်များကို ပေးပို့ လှူဒါန်းသည်။

 

အဆိုပါ လှူဒါန်းစာအုပ်များတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ညီနောင်သွေးချင်းများဖြစ်သည့် ပေါင်းညွမ်နာဂ၊ကနီဆေခူမီး၊အဆန်၊လီခခ်၊တောင်ရိုး၊ရုန်းတူ၊ပိုးကရင်၊ပကညော၊တအော၊တိုင်းလုံတို့အပါအဝင် တိုင်းရင်းသား လူမျိုး(၂၅)မျိုးတို့၏ စာပေနှင့်ရိုးရာပြံပြင်များကို လူမျိုးတစ်မျိုးလျှင်(၁၀)အုပ်နှုန်းဖြင့် စုစုပေါင်းအုပ်ရေ(၂၅၀)အား ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)