တနိုင်း   ၃  မေ

 

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက Qurantine ဝင်နေသူများကို ကိုဗစ်-၁၉ ရောဂါနှင့်ပက်သက်၍ လိုက်နာရမည့် စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြစေရန် တာဝန်ရှိသူများမှ အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် တနိုင်းမြို့နယ် အထက(၁) ကျောင်းဝင်းအတွင်းတွင် ဖွင့်လှစ်ထားသော Facility Qurantine Center တွင် Qurantine ဝင်နေသူများအား ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ Qurantine ဝင်နေသူများလိုက်နာရမည့် စည်းကမ်းချက်များ၊ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် မှာကြားကာ အားပေးစကားပြောကြားခဲ့သည်။

 

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုင်းထင်ကျော်(ပြန်/ဆက်)