တနိုင်း   ၁၅   ဇွန်

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဧပြီလ ၄ ရက်မှစ၍ မြို့အဝင်စစ်ဆေး‌ရေးဂိတ်ထားရှိပြီး ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင်များ မေးမြန်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေး‌စေခြင်းများကို အသိပညာပေး ဆောင်ရွက် လျက်ရှိသည်။

 

mdn

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် လဝက ဝန်ထမ်းများ၊ ကြက်ခြေနီများ၊ရပ်ကွက် စာရေးများ ပူးပေါင်း၍ ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်မှု အန္တရာယ်မရှိစေရန်အတွက် ရည်ရွယ်ပြီး မြို့ဝင်ဂိတ်တွင် နံနက် (၁၀)နာရီမှ ညနေ(၆)နာရီအထိ  ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်လျက်ရှိရာ ပြည်ပမှ ပြန်လာသူများအား စာရင်းကောက်ယူ၍ သတ်မှတ်ထားသည့် စောင့်ကြည့်ရန်ထားရှိ သည့်နေရာတွင် ထားရှိနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

 

 အဆိုပါ ဆောင်ရွက်မှုကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် လဝကဝန်ထမ်းများ၊ ကြက်ခြေနီများ၊ ရပ်ကွက်စာရေးများ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့ဝင်ဂိတ်၌  နေ့စဉ်နံနက်(၁၀)နာရီမှ ညနေ(၆)နာရီအထိ အလှည့်ကျ တာဝန်ပေးကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)