တနိုင်း  ၃  ဧပြီ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်၍ စောင့်ကြည့် လူနာ (၁၀ဝ) အတွက် သီးသန့်နေရာများထားရှိရန် ကြိုတင်ပြင်ဆင်မှုများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

နေရပ်သို့ ပြန်လည်ရောက်ရှိလာသော နိုင်ငံခြားပြန်များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးရန်အတွက် စောင့်ကြည့်လူနာခန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ပုန်ခုန်းရပ်ကွက်ရှိ အ.ထ.က (၁) ကျောင်းဝင်းရှိ ကျောင်းဆောင်များ၌ ထားရှိရန် လျာထားပြီး လူနာများနားနေမည့် ကုတင်များနှင့် ကြမ်းခင်းများတွင် ကရိုရင်း ဆေးရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆောင်ရွက်မှု လုပ်ငန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်လွင်၊ ဒု-မြို့နယ်အုပ်ချုပ် ရေးမှူး ဉီးနိုင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဉီးဖြိုးဝေဆန်း၊ စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌ ဉီးမြင့်ဆောင်နှင့် မြို့နယ်ပညာရေးမှူးနှင့် အ.ထ.က(၁) ဆရာမကြီးတို့မှ လိုအပ်သည်များ ဖြည့်စွက်ရန် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စိုင်းထင်ကျော်(ပြန်/ဆက်)