တနိုင်း ၁၉ မေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့၊ လဂျားဘွမ်ကျေးရွာတွင် မေ ၁၂ ရက် က လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးမှုကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လေဘေးသင့်အိမ်ထောင်စုတစ်စုလျှင် အဝတ်အထည်များ၊ မီးဖိုချောင်ပစ္စည်းများ၊ ကယ်ဆယ် ရေး ပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းအတွက် ငွေသား(၅၀,ဝ၀ဝ)ကျပ်နှင့် ဆန်ရိက္ခာ(၇ )ရက်စာ အတွက် ငွေသား(၈၄၀ဝ)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅၈၄၀ဝ)ကျပ်အား ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ရာ တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများက လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)


