တနိုင်း၊  ၂၉ ဒီဇင်ဘာ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လူစည်ကားသည့် ပျံကျဈေးတန်းတွင် Mask Campaign ဆောင်ရွက်ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင် တနိုင်းမြို့နယ်အတွင်း လူစည်ကားရာ နေရာများဖြစ်သည့် စည်ပင်သာယာ မြို့မဈေးအနီး ယာယီပျံကျဈေးတန်း၌  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Hand Speaker ဖြင့် နှိုးဆော်တိုက်တွန်းခြင်း၊ ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်သူများအား Mask များ အခမဲ့ဝေငှပေးပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန်နှင့် အပြင်ထွက်ရန် လိုအပ်ပါက မဖြစ်မနေ Mask ဝတ်ဆင်သွားလာကြရန် အသိပညာပေး နှိုးဆော်တိုက်တွန်းခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)