တနိုင်း ၁၄ ဇူလိုင်
တနိုင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ယာယီနေထိုင်သည့် ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ် ပုန်ခုန်းရပ်ကွက်၊ အထက-၁ စာသင်ကျောင်းရှိ အိမ်ထောင်စု( ၄၇)စု၊ လူဦးရေ ( ၁၅၁)ဦး၊ မုန်ဒိန်ရပ်ကွက် မြို့မဘုန်းကြီးကျောင်းရှိ အိမ်ထောင်စု ( ၄၄ )စု၊ လူဦးရေ ( ၁၅၈ )ဦးနှင့် မုန်ဒိန်ရပ်ကွက် သာယာရွှေပြည်ဘုန်းကြီးကျောင်းရှိ အိမ်ထောင်စု ( ၇)စု၊ လူဦးရေ ( ၃၂)ဦးတို့အား တနိုင်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာဇော်ထွန်းငြိမ်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်ပြည်သူများ ယာယီနေထိုင်သည့် နေရာများအရောက် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


