တနိုင်း ၁၅ ဇွန်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်းများတွင် ကန့်သတ်စောင့်ကြည့်ရမည့်သူများအား ယာယီထားရှိခဲ့သော ကျောင်းဆောင် အဆောက်အဦများတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ ဆောင်ရွက်ခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးတွင် စာသင်ကျောင်းများ ပြန်လည်စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား/သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တနိုင်းမြို့နယ်ရှိ စာသင်ကျောင်းများတွင် ကန့်သတ်စောင့်ကြည့်ဝင်သူများထားရှိခဲ့သည့် ကျောင်းဆောင် အဆောက်အဦများကို ပိုးသတ်ဆေးဖျန်းခြင်းများ လုပ်ဆောင်ခဲ့သည်။
အဆိုပါပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ရာတွင် အထက(၁)-တနိုင်း စာသင်ကျောင်းရှိ ကန့်သတ်စောင့်ကြည့်ဝင်သူများအားထားရှိခဲ့သည့် ကျောင်းဆောင်အဆောက်အဦးများတွင် မြို့နယ်မီသတ်တပ်ဖွဲ့ဝင် (၅)ဦး အရန်(၅)ဦးဖြင့် ပိုးသတ်ဆေးဖျန်းခြင်းကိုလည်းကောင်း၊ တနိုင်းမြို့နယ် ကောင်ရာကကျေးရွာ(အလက) စာသင်ကျောင်းရှိ ကန့်သတ်စောင့်ကြည့်ဝင်များထားရှိခဲ့သည့် ကျောင်းဆောင်အဆောက်အအဦများတွင် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး အရန်(၃)ဦးဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)


