တနိုင်း ၂၈ စက်တင်ဘာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာ ၂၁ ရက်က မိုးအဆက်မပြတ်ရွာသွန်းရာ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းမှစ၍ လီဒိုလမ်းမကြီးပေါ် အချို့နေရာများ လမ်းရေကျော်မှုများ၊ လမ်းမြေသားပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး တနိုင်းချောင်း၊ နန်ဗျူချောင်း၊ မဂွေတောင်ချောင်း၊ နန့်ခမ်းယန်ချောင်း၊ တိန်ကောက်ချောင်း၊ ကိုင်ထောင်ချောင်းနှင့် အီးတီချောင်းများမှ ရေလျှံတက်မှုကြောင့် တနိုင်းမြို့နယ်၌ စပါးစိုက်ပျိုးသီးနှံများ ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကြီးနစ်မြုပ်နေရာများဖြစ်သည့် ဒူးကောင်းရပ်ကွက်တွင် တောင်သူ ၁၀၂ ဦး၏ စပါးစိုက်ကွက် ကွင်းပေါင်း(၅)ကွင်း (၈၈၇)ဧက၊ ကင်ဆားရာရပ်ကွက်တွင် တောင်သူ ၂၅ ဦး၏ (၃)ကွင်း (၁၂၂)ဧက၊ ဆင်မ်ဆာ့ရပ်ကွက်တွင် တောင်သူ ၃ ဦး၏ (၁)ကွင်း (၁၁)ဧက၊ ဆွတ်ငိုင်ရပ်ကွက်တွင် တောင်သူ ၂၆ ဦး၏ (၁)ကွင်း (၄၉)ဧက၊ ကောင်ရာကျေးရွာအုပ်စုတွင် တောင်သူ ၉၅ ဦး၏ (၄)ကွင်း (၆၂၅)ဧက၊ မကောကျေးရွာအုပ်စုတွင် တောင်သူ ၄၃ ဦး၏ (၂)ကွင်း (၉၄)ဧက၊ ရှင်လုံဂါးကျေးရွာအုပ်စုတွင် တောင်သူ ၇ ဦး၏ (၁)ကွင်း (၁၃)ဧက၊ တိန်ကောက်ကျေးရွာအုပ်စုတွင် တောင်သူ ၃ ဦး၏ (၃)ကွင်း (၁၉)ဧက၊ မိုင်းခွန်ကျေးရွာအုပ်စုတွင် တောင်သူ ၁၀၈ ဦး၏ (၃)ကွင်း (၄၈၇)ဧက စုစုပေါင်း ကွင်း (၂၃)ကွင်း၊ တောင်သူ ၄၁၂ ဦး၏ ဧက(၂၃၀၇)ဧက ရေကြီးနစ်မြုပ်သွားကြောင်း တနိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဝါဝါ(ပြန်/ဆက်)