တနိုင်း ၂၃ ဇူလိုင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ဇူလိုင်လမှစ၍ မိုးများအဆက်မပြတ် ရွာသွန်းမှု ကြောင့် တနိုင်းချောင်း၊ နန်ဗျူချောင်း၊ မဂွေတောင်ချောင်း၊ နန့်ခမ်းယန်ချောင်း၊ ကိုင်ထောင်ချောင်းနှင့် အီးတီချောင်းများမှ ရေလျှံတက်မှုကြောင့် တနိုင်းမြို့နယ်၌ စပါးစိုက်ပျိုး သီးနှံများ ရေကြီးနစ်မြုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကြီးနစ်မြုပ်နေရာများဖြစ်သည့် ဒူးကောင်းရပ်ကွက်တွင် စပါးစိုက်ကွက်ကွင်းပေါင်း(၅)ကွင်း၊ တောင်သူပေါင်း (၇၉)ဦး၊ ဧက(၂၉၂)ဧက၊ ကင်ဆားရာ ရပ်ကွက်တွင် (၁)ကွင်း၊ တောင်သူပေါင်း (၁၁)ဦး၊ ဧက(၄၈)ဧက၊ ပုန်ခုန်းရပ်ကွက်တွင် (၁)ကွင်း၊ တောင်သူပေါင်း (၁၀)ဦး၊ ဧက(၂၂)ဧက၊ ဆင်မ်ဆာ့ ရပ်ကွက်တွင် (၁)ကွင်း၊ တောင်သူပေါင်း (၃)ဦး၊ ဧက(၁၁)ဧက၊ မုန်ဒိန်ရပ်ကွက်တွင် (၁)ကွင်း၊ တောင်သူပေါင်း (၉)ဦး၊ ဧက(၁၀)ဧက၊ ကောင်ရာကျေးရွာ အုပ်စုတွင် (၄)ကွင်း၊ တောင်သူပေါင်း (၁၂၃)ဦး၊ ဧက(၁၀၁၇) ဧက၊ မိုင်းခွန်ကျေးရွာအုပ်စုတွင် (၁)ကွင်း၊ တောင်သူပေါင်း (၂၇)ဦး၊ ဧက(၁၃၂)ဧက စုစုပေါင်း ကွင်း(၁၄)ကွင်း၊ တောင်သူ(၂၆၂)ဦး၊ ဧက(၁၅၃၂)ဧက ရေကြီးနစ်မြုပ်သွားကြောင်း တနိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးထွေးလှိုင်ထံမှ သိရသည်။
ဝါဝါ(ပြန်/ဆက်)


