တနိုင်း ၂၀ ဇွန်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်တတ်သော သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်မှုလုပ်ငန်းများကို မြို့ပေါ် ရပ်ကွက်များတွင် အပတ်စဉ် စနေ့နေ့တိုင်း ပြုလုပ်ရာ ယနေ့နံနက် ၆ နာရီ ဒူးကောင်းရပ်ကွက်၌ လုပ်ဆောင်ခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဝင်းနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ပူးပေါင်းကာ ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ရေတိုင်ကီများ၊ ရေလှောင်ကန်များ၊ အဆောက်အဦးများ၊ ရေကန်များ အဘိတ်ဆေးခတ်ခြင်းနှင့်ခြင်ခိုအောင်းနိုင်သော နေရာများ၊ လူသုံးကုန်ပစ္စည်းများ တို့ကို ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးက သွေးလွန်တုပ်ကွေးရောဂါကို မမေ့မလျော့ဂရုပြုဖို့ လိုကြောင်း၊ တစ်ပတ် တစ်ကြိမ် ရေများလဲပေးဖို့လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်စသည့် အသိပညာပေးလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)


