တွန်းဇံ  ၂၇     နိုဝင်ဘာ    

           

မိခင်ဝိုင်းခေါင်းဆောင်များ ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေး မိဘ အသိပညာပေး သင်တန်းကို လမ်းဦးစီးဌာန ဧည့်ရိပ်သာ(ဟောင်း)တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

 

အဆိုပါ သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မိခင်ဝိုင်း ခေါင်းဆောင်များ ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေး မိဘအသိပညာပေး သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး မိခင်ဝိုင်းထောက်ပံ့ ပစ္စည်းများကို ပေးအပ်ခဲ့သည်။

 

မိခင်ဝိုင်း သင်တန်းကို ဒေါ်ဉမ္မာဆွေ(ပြည်နယ်ညှိနှိုင်းရေးမှူး)နှင့်အဖွဲ့က (၅)ရက်ကြာ သင်တန်းပို့ချပေး သွားမည်ဖြစ်ပြီး တွန်းဇံမြို့နယ် အတွင်းတွင် မိခင်ဝိုင်း(၁၀)ဝိုင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ မိခင်ဝိုင်း တစ်ဝိုင်းလျှင် (၅)နှစ်အောက် ကလေး အယောက်(၂၀)ထိ လက်ခံပေးသွားမည် ဖြစ်သည်။

 

ထို့အပြင် ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်း မရှိသည့် ကျေးရွာများတွင် မိခင်ဝိုင်းများကို အဓိက ဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းကဲ့သို့ ကလေးများကို ပြုစု ပျိုးထောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မိခင်ဝိုင်းတွင် လာရောက်အပ်နှံသည့် ကလေးများကို တစ်ရက်လျှင်(၃၅၀)နှုန်း(တနင်္လာမှ သောကြာ ထိ) ထောက်ပံ့ပေးသွားမည်ဖြစ်ကာ မိခင်ဝိုင်း ခေါင်းဆောင်များကို တစ်လျှင် ကျပ်(၃၀ဝ၀ဝ/-)နှုန်းဖြင့်ထောက်ပံ့ ပေးမည်ဖြစ်သည်။ မိခင်ဝိုင်း တစ်ဝိုင်းလျှင် ထောက်ပံ့ပစ္စည်း(၂၁)မျိုး အခမဲ့ ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး သင်တန်းကို (၂၇-၁၁-၂၀၁၉)ရက်နေ့မှ (၁-၁၂-၂၀၁၉)ရက်နေ့ထိ (၅)ရက် သင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေဖြိုး(ဇလပ်မြေ)