တွန်းဇံ ၂၆ မတ်
ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၊ ကွင်းဆင်းတီဘီ ရောဂါရှာဖွေရေး အဖွဲ့သည် မတ် ၂၅ ရက်မှ စတင်၍ တီဘီရောဂါ ကွင်းဆင်းရှာဖွေ ကုသခြင်းကို တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တီဘီရောဂါများ ကွင်းဆင်းရှာဖွေ ကုသခြင်းကို ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီဘီ ရောဂါတိုက်ဖျက်ရေး စီမံကိန်း၊ ကွင်းဆင်း တီဘီရောဂါရှာဖွေရေးအဖွဲ့ ဒေါက်တာ ယမင်းကျော်သူ ဦးဆောင်၍ တွန်းဇံမြို့ပေါ်ရှိ ရပ်ကွက်နေ ပြည်သူများအား ဓါတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ပေးခြင်းနှင့် ဆေးဝါးများ ထုတ်ပေးခြင်း လုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ အဖွဲ့သည် တွန်းဇံမြို့နယ် အတွင်းရှိ နတ်ဇန်ကျေးရွာ၊ မွှာလ်ပီးကျေးရွာ၊ ဖွန်တုန်ကျေးရွာနှင့် ဆာဇန်ကျေးရွာများအထိ တီဘီရောဂါများ ရှာဖွေကုသခြင်းကို မတ် ၂၉ ရက်အထိ တီဘီရောဂါများကို ကွင်းဆင်းရှာဖွေ ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
လောမ်မာ အောမာ