ကျီခါး ၄ အောက်တိုဘာ
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့မှ (၁၅)မိုင်ခန့်ဝေးသည့် တွီးမွီကျေးရွာအုပ်စု၊ ဆဲလ်ဘုန်းကျေးရွာတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဦးဒါလ်ခန့်ဂိုး၏ နေအိမ်အောက်ဘက်တွင် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြိုမှုကြောင့် ဦးဒါလ်ခန့်ဂိုး မိသားစုဝင်များအား ကျေးရွာတာဝန်ရှိသူများနှင့် ဒေသခံများမှ နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ခေတ္တပြောင်းရွှေ့ ပို့ဆောင်ပေးခဲ့ရပြီး မြေပြိုမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)


