ခိုင်ကမ်း ၁၅ ဇွန်
ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်၊ တွီးခိန်ဇန်ကျေးရွာ အခြေခံပညာအလယ်တန်းမှကျာင်း (ခွဲ) မှ အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးခမ်ခန့်ထန်တို၊ မြို့နယ်ပညာရေးမှူး ဦးပုမ့်ကျင့်ကမ်းနှင့် အခြေခံပညာအလယ်တန်းကျောင်းအုပ် ဦးပေါင်ခန့်မုန်တို့က တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့သည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထိုအပြောင်းအလဲကို ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအပြင် မိဘပြည်သူများကပါ သိရှိနားလည်ရန်လိုကြောင်း၊ ပညာဆိုသည် မိခင်ဝမ်းထဲမှ မွေးဖွားလာချိန်မှ သေသည့်အချိန်ထိ သင်ကြားနေရသည့် ပညာရေးစနစ်ဖြစ်ကြောင်းနှင့် ဆရာ ဆရာမများအနေဖြင့် စေတနာရှိရှိ ပညာသင်ကြားပေးရန်လိုကြောင်း၊ ကလေးများ၏ ပညာရေးကောင်းမွန်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသားများနှင့် အစိုးရပူးပေါင်းမှသာ ပညာရေး ကောင်းမွန်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြလိုသည်များကို ဆွေးနွေးတင်ပြကြသည်။
တွီးခိန်ဇန်ကျေးရွာသည် ၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ပြီး ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် အခြေခံပညာမူလတန်းကျောင်း၊ ၂၀ဝ၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် မူလတန်းလွန်ကျောင်း၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့တွင် အခြေခံပညာအလယ်တန်းကျောင်း ( ခွဲ )အဖြစ် တိုးမြှင့်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ကမ်းမြို့ ( ပြန်/ဆက် )