တွန်းဇံ ၁၆ ဧပြီ
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ စောင်ကြည့်ခံရသူ ပြည်တော်ပြန်နှစ်ဦးအား ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က ဧပြီ ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲတွင် သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်ရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(တွန်းဇံ)တွင် Community Based Facility Quarantine အဖြစ် ဖွင့်လှစ်ပြီး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် တရုတ်နိုင်ငံမှ ပြည်လာသူနှစ်ဦးကို ဧပြီ ၁၀ ရက်နေ့မှ စတင်၍ စောင့်ကြည့်ခံရသူအဖြစ် ထားရှိဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်တော်ပြန်နှစ်ဦးကို ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တွန်းဇံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခမ်ခန့်ထန်တို့က သွားရောက်၍ အားပေးစကားပြောကြားခဲ့ပြီး တစ်ဦးလျှင် ကျပ်(၅၀ဝ၀ဝ)နှုန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)