တန်ဇန်းနီးယား သမ္မတ ဇင်ဘာဘွေ သို့  နှစ်ရက်ကြာ အလည်အပတ်ခရီး ရောက်ရှိ

၂၉ မေ

တန်ဇန်းနီးယားနိုင်ငံ သမ္မတ ဇင်ဘာဘွေနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဇင်ဘာဘွေ သမ္မတ Emmerson Mnangagwa က တန်ဇန်းနီးယားနိုင်ငံသမ္မတကို   ဂုဏ်ပြုတပ်ဖွဲ့ စစ်ဆေးခြင်းမပြုမီ Robert Gabriel Mugabe အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က တောင်အာဖရိက  သမ္မတ Cyril Ramaphosa ၏ ကျမ်းသစ္စာကျိန်ဆို အခမ်းအနား ပွဲတက်ရောက်ခဲ့ပြီးနောက် နမီးဘီးယားနိုင်ငံမှ နှစ်ရက်ကြာခရီး ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဇင်ဘာဘွေ သမ္မတ Emmerson Mnangagwa သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် အာဏာရရှိခဲ့ပြီးနောက် ၎င်းတို့၏ ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားရန် အာဖရိကတိုက်ရှိ တန်ဇန်းနီးယားနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လက သွားရောက်ခဲ့သည်။

တန်ဇန်းနီးယားနိုင်ငံ ခရီးစဉ်အတွင်း စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီခဲ့ကြသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို