တန်ဇန်းနီးယားနိုင်ငံသို့ လွန်ခဲ့သောသုံးနှစ်အတွင်း နိုင်ငံတကာခရီးသွား ၁ ဒသမ ၈ သန်းကျော်ဝင်ရောက်ခဲ့

မတ် ၂၅

တန်ဇန်းနီးယားနိုင်ငံသို့ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ကြားကာလအတွင်း နိုင်ငံတကာခရီးသွား ၁ ဒသမ ၈ သန်းကျော် ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၇ ဘီလီယံ ဝင်ငွေရရှိကြောင်း အစိုးရအဖွဲ့ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။ တန်ဇန်းနီးယားနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် နိုင်ငံတကာခရီးသွားများအားဆွဲဆောင်ရာတွင် အီသီယိုးပီးယားနိုင်ငံပြီးလျှင် အာဖရိကတွင် ဒုတိယနေရာက ရပ်တည်လျက်ရှိပြီး ခရီးသွားလုပ်ငန်းမှဝင်ငွေရရှိမှုတွင် မော်ရိုကိုနှင့်မောရစ်သျှနိုင်ငံတို့ပြီးလျှင် တတိယနေရာတွင်ရှိသည်ဟု အစိုးရအဖွဲ့အကြီးအကဲပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဌာနညွှန်ကြားရေးမှူး Mobhare Matinyiက ပြောကြားသည်။ တန်ဇန်းနီးယားနိုင်ငံသည် ခရီးသွားလုပ်ငန်းမြှင့်တင်ကြိုးစားလုပ်ဆောင်မှုတွင်အသိအမှတ်ပြု ကမ္ဘာလုံးဆိုင်ရာ ခရီးသွားဆုများကို ဆက်လက်ရယူခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို