ဒါအက်စ်ဆလမ် နိုဝင်ဘာ ၇

 

တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာဂီရာဒေသရှိ ဗစ်တိုးရီးယားကန်ထဲသို့ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက လေယာဉ်တစ်စင်းပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် ခရီးသည် ၂၆ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လူ ၄၃ ဦး လိုက်ပါလာသော အဆိုပါလေယာဉ်သည် ဒါအက်စ် ဆလမ်မြို့ရှိ ဂျူလိယပ်စ်ညီရေးရေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကာဂီရာဒေသရှိ ဘူကိုဘာ လေဆိပ်သို့ ဦးတည်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ကာဂီရာ ဒေသဆိုင်ရာ ကော်မရှင်နာ အဲလ်ဘတ်ချလာမီလာက ပြောသည်။ ထို့အပြင် လေယာဉ်ပေါ်ပါ ၄၃ ဦးအနက် ၃၉ ဦးမှာ ခရီးသည်များဖြစ်ကာ လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်အမှုထမ်းနှစ်ဦး ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

 

ပိတ်မိနေသော ခရီးသည် ၁၃ ဦးကို ကယ်တင်နိုင်ရန်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ ကယ်တင်ပြီးသည့် ခရီးသည်များကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ထားပြီး ဖြစ်ကြောင်းနှင့် လေယာဉ်အတွင်းပိုင်း၌ ပိတ်မိနေသော လေယာဉ်မှူးများကိုလည်း ကယ်တင်နိုင်ရန် လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

 

ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ကာဂီရာဒေသ အာဏာပိုင်များက လေယာဉ်ပျက်ကျမှု နှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်အပါအဝင် နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်များကို အသိပေးမှု ပြုလုပ်ထားသည်ဟု ဆိုသည်။ တန်ဇန်းနီးယားသမ္မတ ဆာမီရာ ဆူလူဟူဟာဆန်က အဆိုပါ လေယာဉ်ပျက်ကျမှု သတင်းကြောင့် တုန်လှုပ်ချောက်ချားမိကြောင်း ပြောသည်။

ဆင်ဟွာ