ကချင်ပြည်နယ် ဆဒုံးမြို့နယ် အတွင်းရှိ ဝိုင်းမော်-ဆဒုံးကားလမ်းမကြီး မိုင်တိုင်အမှတ် (၃၂/၃၃) မိုင်ကြားရှိ လန်နရေတံခွန်အနီး ဘေလီတံတားသည် ဒီဇင်ဘာ ၁၄ ရက် နံနက်(၁၁) နာရီခွဲ အချိန်ခန့်တွင် မြစ်ကြီးနားမြို့ သခင်စစ်ကုမ္ပဏီမှ ယာဉ်မောင်း ရွှေဟုန်တင်း(၂၂) နှစ် မောင်းနှင်လာသော ဒေါင်ဖန်းအမျိုးအစား အနီရောင် (၁၂) ဘီးကားသည် ကျောက်မီးသွေးသတ္တုကုန်ကြမ်း တန်ချိန်(၄၄) တန်ခန့်ဖြင့် တံတားပေါ်မှဖြတ်သန်းစဉ် ယာဉ်အလေးချိန်အား ခံနိုင်မှုမရှိဘဲ တံတားအလယ်နေရာမှ ကျိုးကျပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ တံတားကျိုးကျမှုကြောင့် ယာဉ်မောင်းထိခိုက်မှု မရှိသော်လည်း ယာဉ်သည် တံတားနှင့်အတူ ချောင်းထဲသို့ ပြုတ်ကျပြီး ကုန်တင်ယာဉ်နှင့် ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာ၍ မရသေးကြောင့် သတင်းရရှိသည်။
(မြို့နယ် ပြန်/ဆက်)