နေပြည်တော် နိုဝင်ဘာ ၂
လုံခြံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၈ ရက် ညနေ ၅ နာရီခွဲတွင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ မြရာချောင်းကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ပေါ်တာအောင် ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ကိုလည်းကောင်း။
နိုဝင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ် - တာချီလိတ်သွား ကားလမ်း၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာ စစ်ဆေးရေးဂိတ်အနီး၌ စစ်ဆေးရေး ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦး (စိစစ်ဆဲ) မှာ ၎င်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရေးဂိတ်သို့ မရောက်မီ ရပ်တန့်၍ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့က ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား