တနင်္သာရီ ၁၃ ဧပြီ

 


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၌ တနင်္သာရီရိုးရာ(လူ) ကုလားကျားအကအဖွဲ့မှ ၂ဝ၁၉ ခုနှစ် မဟာ င်္ကြန်အကြိုကာလ ဧပြီ ၁၁ ရက်မှစ၍ ၁၃ ရက်အထိ (လူ)ကုလားကျားအကဖြင့် မြို့တွင်းလမ်းများအတိုင်း ကပြဖျော်ဖြေခဲ့ကြသည်။

 

aa

 

အဆိုပါ(လူ)ကုလားကျားအကသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်မြို့၊ ပုလောမြို့နှင့် တနင်္သာရီမြို့တို့၌ မဟာသင်္ကြန်ကာလတစ်ခုတည်း၌သာ နှစ်စဉ်အစဉ်အလာမပျက် ကပြဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး တနင်္သာရီမြို့ နယ်အတွင်းတွင် ချောင်းကြီးရပ်ကွက်ကုလားကျားအဖွဲ့၊ ချောင်းငယ်ရပ်ကွက်နှင့် တမုတ်ချုန်းကျေးရွာကုလားကျား အဖွဲ့များက သင်္ကြန်အကြိုကာလသုံးရက်အတွင်း တစ်ဖွဲ့လျှင်တစ်ရက်စီ ကပြဖျော်ဖြေခဲ့ကြခြင်းဖြစ်သည်။ 

 


တနင်္သာရီ“ကျား”အကသည်ရှေးကျသော ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ကျားအက ကရန် ကျားကမည့်သူများအား ခါးတောင်မြှောင်အောင်ကြိုက်၍ အင်္ကျီဗလာဖြင့် ကျားတစ်ကောင်ကဲ့သို့ အသွင်ပြာင်းရန် ခံဆေး/သုတ် ဆေးတို့ဖြင့်(အနီ၊ အဖြူ၊ အဝါ၊ အနက်)စသည့် ဆေးရောင်စုံမျိုးစုံဖြင့် လူတစ်ကိုယ်လုံး ခန္ဓာကိုယ်အနှံ့အား အကြောင်အကြား၊ အစက်အပြောက်များအား သက်ဆိုင်ရာပန်းချီပညာရှင်များက ရေးခြယ်ပေးခဲ့ကြကြောင်း၊ ခါးဆစ်တွင်သံကြိုးဖြင့် ချည်နှောင်ထားရှိ၍ ကျားကစဉ် ကျားစိတ်နိုးထလာစေရန် မုဆိုးများမှ ဟန်ရေးပြခြောက်လှန့်၍ ရန်ပြုပေးရသကဲ့သို့ ဗုံအဖွဲ့ကလည်း ဒေါင်းဒေါင်းနီချိန်းဆိုသည့် စည်းချက်ဖြင့် တီးကွက်မြိုင်ဆိုင်အောင် တီးပေးကြရကြောင်း သိရသည်။ 

 

a

 

ကျားစိတ်ပြင်းစွာ မာန်ဖီလာသောအခါ နီးရာကို လိုက်ကိုက်တတ်သဖြင့် ကျားထိန်းများက နိုင်နင်းစွာထိန်းပေးရပြီး  ကျားစိတ်ဖြေ လျှော့သွားစေရန်အတွက် ကရမက်လောဘန်ခွက်မီးခိုးအငွေ့ကို ကျား၏နှာခေါင်းဝတွင် ပေးရူကြရကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

 

d

 


တနင်္သာရီ “ကျား”အဖွဲ့တွင် လူကျား(၅)ဦး၊ ကျားနောက်ထိန်းသူ (၁ဝ)ဦးထက်မနည်း ပါရှိရပြီး ဗုံအဖွဲ့၊ မုဆိုးအဖွဲ့နှင့် ကရမက်လောဘန်ခွက် ကိုင်ဆောင်သူများပါရှိကြ၍ အဆိုပါ“ကျား”အဖွဲ့မှ မြို့တွင်းလမ်းများအတိုင်း ကျားအကက၍ အလှူခံရရှိလာသည့် အလှူငွေများကို ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အအုံတို့တွင် နှစ်စဉ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ 

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)