တနင်္သာရီ ၁၈ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မြစ်ရေကြီးမှုကြောင့် ယာယီပိတ်ထားခဲ့ရသော အခြေခံပညာကျောင်း (၄၄) ကျောင်းအနက် (၄၁) ကျောင်းကို ယနေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တနင်္သာရီမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ် ၉ ရက်မှစ၍ ၁၃ ရက်အထိ အခြေခံပညာကျောင်း (၄၄)ကျောင်း ယာယီပိတ်ထားခဲ့ရပြီး ယခုအခါ (၄၁)ကို ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိပြီး ကျန်ရှိသည့် ကျောင်းသုံးကျောင်းသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ရေဝပ်နေသေးသည့် အခက်အခဲများကြောင့် ပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာယီပိတ်ထားရသော ကျောင်းများ၏ ပိတ်ရက်များအား စနေ၊ တနဂငေ်္နွနှင့် အဖိတ်၊ ဥပုသ် ကျောင်းပိတ်ရက်များတွင် အစားထိုးသင်ကြားပေးရန် စီစဉ်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
တနင်္သာရီမြစ်ရေသည် သြဂုတ် ၁၇ ရက် မွန်းလွဲ ၂ နာရီအချိန် တိုင်းတာချက်အရ (၁၆) ပေအထိ ပြန်လည်လျော့ကျသွားပြီ ဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


