တနင်္သာရီ ၁၂ ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ယာယီစည်းရုံးရေး တာဝန်ခံ ဦးအောင်ဇော်အေးအဖွဲ့ဝင် ဒေါ်ယုယုမြိုင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်ပြထားသူ ဦးဝင်းအောင်နှင့် ဦးလှထွန်းနိုင် တို့(၄)ဦးသည် ဧပြီ ၁၁ ရက် နေ့လယ် ၁၂ နာရီတွင် တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE ဝတ်စုံ(၃)စုံနှင့် Surgical Mask 50 Pcs တို့အား ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ဆေးရုံအုပ် မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာ အောင်သိုက်ထွန်းမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ယာယီစည်းရုံးရေးတာဝန်ခံ ဦးအောင်ဇော်အေးနှင့် အဖွဲ့ဝင်သည် ဒေသခံခရီးသွားပြည်သူများအား Surgical Mask များ (၅-ခု) တပ်ဆင်ပေးခြင်း၊ လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား Surgical Mask(၅၀-ခု)၊ ချောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် Surgical Mask ၅၀-ခု သုခရွှေရီကျန်းမာရေး အထောက်အကူပြု အဖွဲ့အား PPE ဝတ်စုံ(၂)စုံနှင့် Surgical Mask 50 Pcs တို့အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)