တနင်္သာရီ ဇူလိုင် ၂၆

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဇူလှိုင်လ တတိယပါတ်မှစတင်၍ မိုးများသည်းထန်စွာရွာသွန်းနေမှုကြောင့် ဇူလိုင်လ၂၆ရက်နေ့  နံနက် ၁၁နာရီခန့်မှစ၍ သာရဘွင် ကျေးရွာအုပ်စု -သာရဘွင် ချောင်းရေလျှံမြင့်တက်နေသဖြင့် သာရဘွင်ရွာမနှင့် သာရဘွင်အရှေ့ကမ်းကျေးရွာသို့ ဆက်သွယ်ပေးထားသည့် အရှည်ပေ  (၁၀၀) ၊ အကျယ် (၁၄)ပေရှိ သံကူ ကွန်ကရစ် သာရဘွင်ချောင်းကူးတံတားပေါ်သို့ (၃ပေ)ခန့်ရေကျော်လျှက်ရှိကြောင်း သိရသည်။

 

အဆိုပါ သာရဘွင်ချောင်းကူးတံတားပေါ်သို့ ဇူလှိုင်လ၂၅ရက်နေ့က ၆လက်မခန့်သာ မြစ်ရေကျော်ခဲ့ပြီး မိုးများဆက်တိုက်ရွာသွန်းနေမှုကြောင့် ယခုကဲ့သို့ (၃)ပေခန့်အထိ မြစ်ရေမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးသွားပြည်သူများနှင့် မော်တော်ဆိုင်ကယ်ဖြင့်သွားလာသူများအား ခရီးသွားလာမှုပြတ်တောက်မှု မရှိစေရေးနှင့်အန္တရာယ်ကင်းရှင်းစွာဖြတ်သန်းသွားနိုင်ရန်အတွက် သာရဘွင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစောစပါယ်နှင့်အဖွဲ့ဝင်များမှ စက်လှေငယ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)