တနင်္သာရီ  ၁၁  ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၂၂)စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ စသည့်အခြေခံစားကုန်(၅) မျိုးထောက်ပံ့ပေးခြင်းကို ယနေ့ နံနက်ပိုင်းက တနင်္သာရီခန်းမအတွင်း ဖြန့်ဝေထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၀ရက် ညနေ ၄နာရီက ချောင်းကြီးရပ်ကွက်မှ(၂၅၁)စု၊ ချောင်းငယ်ရပ်ကွက်မှ (၁၁၃)စုနှင့် ဆင်ခြေဖုန်းကျေးရွာအုပ်စုမှ(၄၅၈)စု၊ စုစုပေါင်းအခြေခံလူတန်းစားအိမ်ထောင်စု(၈၂၂) စုတို့အတွက် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲတစ်ပိဿာနှင့် ကြက်သွန်နီတစ်ပိသာနှုန်းစီကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ ဤမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၁)အုပ်စု စုစုပေါင်း(၂၅)စုမှ သတ်မှတ်စံနှုန်းနှင့် ကိုက်ညီသည့် အခြေခံလူတန်းစားများ၏ အိမ်ထောင်စုပေါင်း(၇၁၂၅)ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)