တနင်္သာရီ ဖေဖော်ဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာ၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်း(၁၂)ခုကို စက်တင်ဘာလ တတိယပတ်မှစတင် အကောင်အထည့်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာ(၁၂)ရွာအနက် ကျေးရွာ(၁၁)ရွာတွင် စီမံကိန်းလုပ်ငန်း(၁၁) ခုတို့မှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ခေတ္တမြို့နယ်ဦးစီးမှူးဒေါ်သူဇာမိုးက ပြောကြားသည်။
တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် (၁၀)သန်းနှုန်းဖြင့် ကျေးရွာ (၁၂)ရွာစုစုပေါင်း ရန်ပုံငွေကျပ်(၁၂၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ်(၁၈ ဒသမ ၇၉)သန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အဆိုပါ သာရဖုံ(ရ)၊ သိန်ခွန်း၊ လယ်တောင်ယာ၊ ကျွဲထိန်းကုန်း၊ ခြောက်မိုင်၊ မြေမအုံ၊ ဆန်းသစ်၊ ရေဖြူ၊ ကမ္ပလိုင်း၊ ချောင်းလမု၊ ဘန်းလမွန်း၊ သဲဖြူစသည့် ကျေးရွာ(၁၂)ရွာတို့တွင် လမ်းအရှည် (၂၉၇၆) ပေရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၆)ခု၊ လမ်းအရှည် (၃၅၇၄´×၁၂´×၉") ပေရှိ မြေသားလမ်းခင်းခြင်းလုပ်ငန်း(၂)ခုနှင့် ကျေးရွာရေပေးရေး လုပ်ငန်း(၃)ခုတွင် ရေဂါလံ(၅၀၀၀)ဆံ့အုတ်ရေကန်တည် ဆောက်ခြင်း(၁၅´×၁၀´×၆´)လုပ်ငန်း(၂)ခုနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း (၄၁၈၀)ပေနှင့် သဲဖြူကျေးရွာတွင် ကျေးရွာသုံးခန်းမစသည့် လုပ်ငန်း(၁၂)ခုတို့ကို စက်တင်ဘာလ တတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာ (၁၁) ရွာမှလုပ်ငန်း(၁၁)ခုတို့မှာ (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။ ထို့ပြင် သဲဖြူကျေးရွာရှိ ကျေးရွာသုံးခန်းမတည်ဆောက်ခြင်း လုပ်ငန်း(၁)ခုမှာ (၈၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်တွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
"နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာကို ငွေကျပ်(၁၀)သန်းနှုန်း စုစုပေါင်းရန်ပုံငွေကျပ်(၁၂၀)သန်းနဲ့ပြည်သူထည့်ဝင်ငွေကျပ်(၁၈ ဒသမ ၇၉)သန်းတို့နဲ့မြို့နယ်အတွင်းကကျေးရွာပေါင်း(၁၂)ရွာမှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) လုပ်ငန်း(၁၂) ခုကို စက်တင်ဘာလတတိယပတ်က စတင်ခဲ့ပါတယ်။ ကျွန်မတို့ဌာနကတော့လုပ်ငန်းနှင့် ပတ်သက်ပြီး နည်းပညာအပိုင်းကိုကြီးကြပ်ပေးပြီး ကျေးရွာနေပြည်သူများက လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်တာပါ။ ကျေး ရွာ(၁၂)ရွာမှာလုပ် ငန်း(၁၂)ခုအနက် ယခုလက်ရှိမှာတော့ ကျေးရွာ(၁၁)ရွာမှာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်တဲ့ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၆)ခု၊ မြေသားလမ်းခင်းလုပ်ငန်း(၂)ခုနဲ့ ရေရရှိရေးလုပ်ငန်း(၃)ခု၊ ပေါင်းလုပ်ငန်း(၁၁) ခုကတော့ (၁၀၀)ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပြီးစီးသွားပါပြီ။ ကျန်တဲ့သဲဖြူကျေးရွာမှာ ကျေးရွာသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်း (၁)ခုကလည်း (၈၀) ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖေဖော်ဝါရီလတတိယပတ်မှာ အပြီးဆောင်ရွက်သွားပါမယ်" ဟုတန င်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သူဇာမိုး ကပြောကြားသည်။
အဆိုပါကျေးရွာ(၁၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) လုပ်ငန်းများအားလုံး ပြီးစီးပါက အဆိုပါကျေးရွာများရှိ အိမ်ခြေ (၂၈၃၅)၊ လူဦးရေ(၁၄၆၆၁)ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)