mdn

တနင်္သာရီ သြဂုတ် ၉

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ မြင့်တက်လာသည့်အတွက်မြို့ပေါ်ရပ် ကွက်နှင့် ကျေးရွာများရှိ လမ်းများ၊ လူနေအိမ်များသို့ ရေဝင်နစ်မြုပ်မှုကြောင့် ရေဘေးသင့်ပြည်သူများသည့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိရာ ယခုအခါ မြစ်ရေပြန်လည်ကျဆင်း သွားပြီ ဖြစ်သောကြောင့် သြဂုတ် ၅ ရက်မှ သြဂုတ်လ ၈ ရက်အထိ အိမ်ခြေ(၁၅၅)လုံး၊ အိမ်ထောင်စု (၁၅၅)စု တို့မှလူဉီးရေ(၇၇၄)ဉီးတို့သည့် မိမိတို့နေအိမ်များသို့ အသီးသီးပြန်လည် ပြောင်းရွှေ့ နေထိုင် နေကြပြီဖြစ်ကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ တာဝန်ရှိသူတစ်ဉီး၏ ပြောပြချက်အရ သိရသည်။

 

ထိုသို့ တနင်္သာရီမြို့နယ်တွင် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ် ၂ ရက်အထိ မြစ်ရေကြီး မြင့်မှုကြောင့် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ လမ်းများနှင့် လူနေအိမ်များသို့ ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့ သောကြောင့် ယာယီကယ်ဆယ်ရေးစခန်း(၉)ခုနှင့် နီးစပ်ရာဆွေးမျိုးများ၏ နေအိမ်များသို့ ပြောင်းရွှေ့ နေထိုင်ကြသည့် အိမ်ခြေ(၂၂၀)၊ အိမ်ထောင်စု(၂၂၀)၊လူဉီးရေး (၁၀၈၈)ဉီးတို့ ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိရာ ယခုအခါ တနင်္သာရီမြစ်ရေမှာ ပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် သြဂုတ်လ ၅ ရက်တွင် ရပ်ကွက်(၂)ခုနှင့် ကျေးရွာ(၈)ရွာတို့မှအိမ်ခြေ(၁၃၅)လုံး၊ အိမ်ထောင်စု(၁၃၅)စု၊ လူဉီးရေ(၆၇၇)ဉီးနှင့် သြဂုတ်လ ၆ ရက်နေ့တွင်အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဉီးရေ(၅၁) ဉီး၊ စုစုပေါင်းအိမ်ခြေ(၁၄၅)လုံး၊ အိမ်ထောင်စု (၁၄၅)စု၊ လူဉီးရေပေါင်း(၇၂၈)ဉီးတို့သည့်၎တို့၏နေအိမ်များသို့အသီသီပြန်လည်းပြောင်း ရွှေ့နေထိုင်လျက်ရှိကြောင်းသိရသည်။

 

ထိုအတူကယ်ဆယ်ရေးစခန်း(၈)ခုနှင့်နီးစပ်ရာဆွေးမျိုးများနေအိမ်များတွင်အိမ်ခြေ(၇၅)လုံး၊အိမ်ထောင်စု(၇၅)စု၊ လူဉီးရေ(၃၆၀) ကျန်ရှိသည့်အနက် တနင်္သာရီမြစ်ရေသည် ပြန်လည်းကျဆင်းသွားသဖြင့် သြဂုတ်လ ၈ ရက်နေ့တွင်အိမ်ခြေ(၁၀)လုံး၊ အိမ် ထောင်စု(၁၀)စု၊ လူဉီးရေ(၄၆)ဉီးတို့သည့်၎တို့၏နေအိမ်များသို့ထပ်မံပြန်လည်းပြောင်းရွှေ့နေထိုင်လျက်ရှိပြီး၊ အိမ်ခြေ(၆၅)လုံး၊ အိမ် ထောင်စု(၆၅)စု၊ လူဉီးရေ(၃၁၄)ဉီးသာကျန်ရှိတော့ကြောင်းသိရသည်။

 

တနင်္သာရီမြို့၏ မြစ်ရေအမှတ်သည် သာမှန်မြစ်ရေအထက်(၅)ပေဖြစ်ပြီး၊ စိုးရိမ်ရေအမှတ်မှာပုံမှန်မြစ်ရေအထက်(၁၇)ပေနှင့်အန္တရာယ်ရေအမှတ်မှာ(၂၄)ပေဖြစ်ကြောင်းသိရသည်။

မြင့်ဉီး(မြိတ်)