တနင်္သာရီ၊ ၁၀ ဇွန်

   

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် တကူသံတိုက်ကျေးရွာမှ အမျိုးသား ၂ ဦးအား နှာစေးချောင်းဆိုးနေသဖြင့် ဇွန် ၉ ရက်က တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ RDT-Test Kit ဖြင့် စစ်ဆေးပေးရာ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

 

အဆိုပါ ပိုးတွေ့အမျိုးသား ၂ ဦးအား တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အသွားအလာကန့်သတ်ထားရှိ၍ နေ့စဉ်ကိုယ်အပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်းတို့ဖြင့် (၁၄)ရက်အကြာ ကျန်းမာရေးစောင့်ကြပ်ပေးသွားမည်ဖြစ်သည်။

 

ရောဂါပိုး ထပ်မံကူးစက်ပျံ့နှံ့မှုမရှိစေရန် ၎င်းရောဂါပိုး တွေ့ရှိသူနှစ်ဦးနှင့် ထိစပ်သူများအား စုံစမ်းဖော်ထုတ်၍ အသွားအလာ ကန့်သတ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

   

ယခုအခါ တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ယခင်ကျန်ရှိသူ အမျိုးသမီး ၃ ဦးနှင့် ယခု အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦးရှိကြောင်း သိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)