တနင်္သာရီ ၁၈  သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ်တွင် သြဂုတ် ၁၆ ရက်က ကျေးရွာချင်းဆက် သစ်သားတံတားတစ်စင်း ချောင်းရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း ဘန်လောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်လင်းထံမှ သိရသည်။

 

950

 

အဆိုပါ သစ်သားတံတားမှာ အရှည် (၃၀)ပေ၊ အကျယ်(၁၂)ပေရှိ ကိုယ်ထူကိုယ်ထ တံတားတစ်စင်းဖြစ်ပြီး ရေပေါ်ကျေးရွာနှင့် ဘန်လောအနောက်ကျေးရွာတို့ကို ဆက်သွယ်ထားခြင်းဖြစ်ကာ တကူကျေးရွာအုပ်စု၊ သာရဘွင်ကျေးရွာ အုပ်စုများသို့ သွားလာနိုင်သည့် တံတားတစ်စင်း ဖြစ်သည်။

 

460

 

တံတားပျက်စီးမှုကြောင့် အ.ထ.က(ခွဲ)ရေပေါ်ရွာသို့ ကျောင်းတက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ၊ ကုန်စည် စီးဆင်းမှုနှင့်၊ လူမှုရေး၊ ကျန်းမာရေးကိစ္စများတွင် အဆင်ပြေစွာ သွားလာနိုင်စေရန် တာဝန်ရှိသူများက အဆိုပါ တံတားဟောင်းနေရာတွင် ယာယီသစ်သားတံတားကို ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)