တနင်္သာရီ နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ကုသရေးစင်တာများအတွင်း နာမကျန်းဖြစ်နေသည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test- Kit ဖြင့် ကျန်းမာရေးစစ်ဆေးပေးလျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာ(၆)ဦးနှင့် တကူ(စံပြ) တိုက်နယ်ဆေးရုံတွင် ဖျားနာဆေးခန်းသို့ လာရောက်ပြသသည့် လူနာ(၅)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးရာ လူနာသစ်(၄)ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိရသော လူနာများကို တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်နှင့် တကူတိုက်နယ်ဆေးရုံ သီးသန့်လူနာဆောင်တို့တွင် အသွားအလာကန့်သတ်၍ (၁၄)ရက်အကြာ ကျန်းမာရေးစောင့်ကြပ် ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရှိရသည်။
နိုဝင်ဘာ ၂၃ ရက်အထိ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသဆဲလူနာ(၅)ဦး၊ တကူ(စံပြ)တိုက်နယ်ဆေးရုံ သံဃာ့ဆေးရုံ Positive Centre တွင် (၁၀)ဦးနှင့် တမုတ်ချုန်းကျေးရွာအုပ်စု ရေဖြူကျေးရွာခန်းမ Positive Centre တွင် (၂)ဦး စုစုပေါင်း ကုသမှုခံယူနေသူ လူနာ(၁၇)ဦး ကျန်ရှိနေသေးကြောင်း သိရှိရသည်။
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)