တနင်္သာရီ ၆  ဩဂုတ် 

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့တွင် ၊ ဩဂုတ် ၃ ရက် နံနက် ၅ နာရီခန့်က လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်လဲကျပိမိ၍ နေအိမ်ပြိုကျပျက်စီးခဲ့သည့် ချောင်းကြီးရပ်ကွက် သုခလမ်းမှ ဒေါ်တင်အေးခိုင် မိသားစုအား ဩဂုတ်လ ၅ ရက် မွန်းလွဲပိုင်းက မြိတ်ခရိုင်-ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲ့မှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုနှင့်အဖွဲ့က ကျား၊ မလုံချည်များ၊ စောင်၊ ခြင်ထောင်နှင့် အခြားပစ္စည်း(၁၅)မျိုးပါ တန်ဖိုး ၃၂၃၅၂ ကျပ်တန်ဖိုးရှိ ပစ္စည်းများ၊ အိမ်ဆောက်ရန် ပစ္စည်းတန်ဖိုးငွေကျပ် ၁ သိန်းနှင့် မိသားစုနှစ်ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၄၂၀ဝ)တို့ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


ထို့အပြင် ၎င်းမိသားစုနှစ်ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသည့်အိမ်ဆောက်ပစ္စည်း (၁၁)မျိုးပါ တစ်ပုံး၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ ပလတ်စတစ်ရေပုံး တစ်လုံး၊ မိုးကာပိုင်းနှစ်ပိုင်းနှင့် အမျိုးသမီးသုံးပစ္စည်းများအား တနင်္သာရီမြို့နယ်ကြက်ခြေနီကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့် တပ်ဖွဲ့ဝင်များက ဩဂုတ်လ ၄ ရက်နေ့က လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)