ထားဝယ် ၄ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး အဆောက်အဦ ဆောက်လုပ်ထားရှိမှု နှင့် ကျန်းမာရေးလမ်းဧရိယာ တိုးချဲ့နေမှု အားကြည့်ရှု စစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁၆)က တာဝန်ယူဆောက်လုပ်လျက်ရှိသော ပေ(၂၀ဝ×၇၅) RC(၅)ထပ် အဆောက်အဉီ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း ပြီးစီးရေးကို အဆောက်အဦ အထူးအဖွဲ့(၁၆)မှ တာဝန်ခံ အားမှာကြားပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် က ထားဝယ်မြို့၊ ကျန်းမာရေးလမ်း ဧရိယာတိုးချဲ့ ဆောင်ရွက်ရန်လျာထားမှု အခြေအနေများအား ကြည်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ထားဝယ်ခရိုင်ပြန်/ဆက်