မြိတ် နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ခန်းမတွင် ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်၍ ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆုချီးမြှင့်ရာ၌ ဂါရဝဂုဏ်ပြုဆုများ၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော Professional Qualifying Tournament 2022 လက်ရည်စစ်ပြိုင်ပွဲတွင် Senior Pro အဖြစ် အောင်မြင်ခဲ့သည့် ကစားသမားအား ဂုဏ်ပြုဆု၊ မြိတ်ဂေါက်ကလပ်မှ မြန်မာနိုင်ငံကိုယ်စားပြု Junior ကစားသမားအဖြစ် နိုင်ငံတကာသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကစားသမားအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် အမျိုးသမီးပြိုင်ပွဲ၌ ဆုရရှိကြသူများ၊ Junior  ပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အမျိုးသား အတန်းလိုက်ပြိုင်ပွဲများ၌ ကျင်းနှင့်အနီးဆုံးဆု၊ လိုင်းနှင့်အနီးဆုံးဆု၊ ပါအများဆုံးဆု၊ အဝေးဆုံးရိုက်ချက်ဆု၊ ဘာဒီအများဆုံးဆု၊ Eagle အများဆုံးဆု၊ အကြိုးစားဆုံး ကစားသမားဆု၊ ကျင်းပုန်းဆု၊ ပဉ္စမဆု၊ စတုတ္ထဆု၊ တတိယဆုများ၊ ဒုတိယဆုများ ရရှိကြသည့် ကစားသမားများကို ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ အမျိုးသားအတန်းလိုက်ပြိုင်ပွဲများတွင် ပထမဆုများ ရရှိကြသည့် ကစားသမားများကို ဝန်ကြီးချုပ်က ဆုများပေးအပ်ချီးမြှင့်သည်။

ဂေါက်သီးရိုက်ပြိုင်ပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ပြီး ဧည့်သည်တော်များနှင့် ဂေါက်သီးရိုက် အမျိုးသား အမျိုးသမီး ကစားသမား ၁၀၀ ကျော် ပါဝင်ယဉ်ပြိုင်ခဲ့ကြ၍  ပြိုင်ပွဲဝင် ကစားသမားများက အတန်းလိုက် ကျင်း ၁၈ ကျင်း ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။ 

ခရိုင်ပြန်/ဆက်)