ကလိန်အောင်  ၁၂   ဩဂုတ် 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးကျော်ဇေယျ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဦးအောင်သူရ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးခင်မောင်မောင်အေး၊ တိုင်းဒေသကြီးမီးသတ်ဦ်းစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းဦးနှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်တို့မှ မလွှဲတောင်ဂိတ်နှင့် အလယ်စခန်းကျေးရွာကြား၊ ရေး-ထားဝယ်ကားလမ်း၊ တောင်ပြိုသည့် မြေနေရာနှင့် မိုင်တိုင်အမှတ် (၈၀/၅)နေရာ၊  ကတ္တာရာခင်းလမ်းမကြီးပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာများ၌ဘေလီတံတားထိုးရန် စီစဉ်နေသည်များကို ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)