ထားဝယ် ဇန်နဝါရီ

 

၂၀၂၀ နှစ်သစ်တွင် ကုသိုလ်ပြုသန့်ရှင်းရေးအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ်စုပေါင်းကုသိုလ်ယူ သွေးလှူဒါန်းပွဲကို ယနေ့နံနက် နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၌  ကျင်းပသည်။

 

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သွေးလှူဘဏ်တာဝန်ခံ ဒေါက်တာစန်းစန်းဝင်းနှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှု၍ အားပေးစကားပြောကြားပြီး သွေးလှူဒါန်းမှု အကြိမ်ရေအများဆုံးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

 

ဆက်လက်၍ တာဝန်ရှိသူများက ကုသိုလ်ပြုသန့်ရှင်းရေးအဖွဲ့မှ သွေးလှူဒါန်းသူစုစုပေါင်း (၁၁၈) ဦးအား အဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်ပြန်/ဆက်