ထားဝယ် ဖေဖော်ဝါရီ ၁၁

 

တနင်္သာရီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၂၀၂၅- ၂၀၂၈) သက်တမ်း ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီခွဲက ထားဝယ်မြို့ ထားဝယ်ဟိုတယ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးမိုးက မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ လေ့လာစောင့်ကြည့် သုတေသနလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးက တိုင်းဒေသကြီးအတွင်း စားအုန်းဆီ တင်သွင်းဖြန့်ဖြူးလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ရွေးချယ်ဖွဲ့စည်းခဲ့

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအတွက် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်များအား ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြကြောင်း သိရသည်။

 

ကျော်ဆန်းမြင့်