ထားဝယ်၊ ၂ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဟိန္ဒားသတ္တုတွင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က မြန်မာပွန်ပီပက်ကုမ္ပဏီလီမိတက်သည် ဟိန္ဒားသတ္တုတွင်းတွင် အစဉ်ဆက်လုပ်လာသော ကုမ္ပဏီဖြစ်ပြီး နောက်ထပ်သက်တမ်းတိုးရန် ကြိုးစားနေသော ကုမ္ပဏီဖြစ်ကြောင်း၊ ၎င်းပေါ်တွင်မူတည်ပြီး သက်ဆိုင်ရာဌာနများတွင် သဘောထားမှတ်ချက်များ တောင်းထားကြောင်း၊ သဘောထားမှတ်ချက်များတွင် အားသာချက်၊ အားနည်းချက်များအပေါ် ညှိနှိုင်းပြီး လုပ်ငန်းများ လုပ်ဆောင်ရာအပိုင်းများတွင် ကြည့်နေကြရန်/ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထိုနောက် မြန်မာပွန်ပီပက်ကုမ္ပဏီလီမိတက်မှ အထွေထွေမန်နေဂျာ ဦးခိုင်ထွန်းက ဟိန္ဒားသတ္တုတွင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


