ထားဝယ်၊ ၁ ဇွန်
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇွန် ၁ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်နှင့် ပြင်ပလူနာဌာနတွင် ကုသနေသော မသမာသူလူတစ်စု၏ လုပ်ကြံခြင်းခံရသော လူနာ(၁)ဦးနှင့် ဆေးကုသနေသော လူနာများအား ကြည်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တနင်္သာရီတိုင်ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များသည် သာသနာ့ဗိမာန်တော်ကြီးတွင် ဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေသော သံဃာတော်များနှင့် သီလရှင်များအား သွားရောက်ကြည်ညိုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်(၁၅)ပါးနှင့် သီလရှင်(၂)ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး စာမေးပွဲကို ဇွန် ၉ ရက်အထိ ကျင်းပမည်ဖြစ်ကာ ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၇ ရက်မှ ဇွန် ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


