တနင်္သာရီတိုင်းဒေသကြီး စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ထားဝယ် ဒီဇင်ဘာ ၅

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်  ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကို  ပြခန်းများ၊ စျေးရောင်းပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများ ပြုလုပ်ရန်နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့နှင့် ပတ်သက်ပြီး နိုင်ငံတော်အဆင့်နေပြည်တော်၌လည်း ခမ်းနား စွာဖြင့် အလှပြယာဉ်များ၊ ပြခန်းများ၊ ဈေးရောင်းပွဲတော်များ၊ ကျင်းပမည်ဖြစ်ကြောင်း၊ တိုင်းဒေ သကြီး ရုံးစိုက်ရာ ထားဝယ်မြို့တွင်လည်း အလံတင်အခမ်းအနား၊ လွတ်လပ်ရေးနေ့ အခမ်းအနား များအပြင် ပြခန်းများ၊ စျေးရောင်းပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာ သူများအနေဖြင့် ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနား ဆောင်ရွက်မည့်အခြေအနေကို ရှင်းလင်းဆွေးနွေးပြီးအခမ်းအနား ပြင်ဆင်ရေး၊စစ်ရေးပြ၊ လုံခြုံ ရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးနှင့်ပို့ဆောင်ရေး၊ အားကစားပြိုင်ပွဲများ ကျင်းပရေး၊ ကျန်းမာရေးစောင့် ရှောက်မှုစသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်